ဘုရားသခင်ဟာ ကောင်းကင်မှာပြစ်မှားပြီး မှီခိုရာမြို့ဖြစ်တဲ့ ကမ္ဘာမြေကြီးကို မောင်းထုတ်ခံရတဲ့ လူသားတွေကို ပညတ်တော်တွေအားဖြင့် အပြစ်ခွင့်လွှတ်ခြင်းခံရပြီး၊ ကောင်းကင်နိုင်ငံကို ပြန်သွားဖို့ အခွင့်အရေးကို ပေးခဲ့ပါတယ်။ တခြားတစ်ဖက်မှာ၊ အဲဒီပဋိညာဉ်ကို ချိုးဖောက်ပြီး မထီမဲ့မြင်ပြုတဲ့သူတွေဟာ ဘုရားသခင်ရဲ့တရားစီရင်ခြင်းကို ခံရမှာဖြစ်ပါတယ်။
သူတို့ရဲ့အပြစ်ကြောင့် သေဖို့သတ်မှတ်ခံထားရတဲ့ လူသားတွေဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့်ပဲ ထာဝရအသက်ကို ရရှိနိုင်ပါတယ်။
ဘုရားသခင်ဟာ ခမည်းတော်ခေတ်၊ သားတော်ခေတ်နဲ့ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ လူသားတွေကို အသက်လမ်းကို သင်ပေးတဲ့အခါ၊ သူ့ရဲ့နှုတ်ကပတ်တော်ကို ယုံကြည်ပြီး ဇိအုန်ကိုလာပြီး အသက်ရဲ့ပသခါပွဲကို စောင့်ရှောက်တဲ့သူတွေဟာ ကယ်တင်ခြင်းခံရပေမယ့်၊ သူ့ရဲ့ နှုတ်ကပတ်တော်ကို မယုံကြည်ဘဲ မစောင့်တဲ့သူတွေဟာ အဆုံးမှာ အပြစ်ပေးခံရမှာဖြစ်ပါတယ်။
အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။
ရောမသြဝါဒစာ ၆:၂၃
ဘုရားသခင်၏ပညတ်တို့ကိုလည်းကောင်း၊ ယေရှု၏ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။
ဗျာဒိတ်ကျမ်း ၁၄:၁၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်