ယေရှုခရစ်ဟာ ဒီမြေကြီးရဲ့ဘဝက အဆုံးမဟုတ်ဘူးဆိုတာကို သူဌေးနဲ့ လာဇရုရဲ့ ဥပမာကနေတစ်ဆင့် သင်ပေးခဲ့ပါတယ်။ လာဇရုဟာ ဒီမြေကြီးမှာ ခက်ခဲဆင်းရဲခဲ့ပေမဲ့ ကောင်းကင်ကို မျှော်လင့်ပြီး ပျော်ရွှင်မှုရရှိခဲ့တဲ့ ခရီးသွားဘဝကို နေထိုင်ခဲ့ပြီး သူဌေးဟာ ဘဝကို ဇိမ်ကျကျ နေထိုင်ခဲ့ပေမဲ့ ကောင်းကင်နိုင်ငံကို မပြင်ဆင်တဲ့ လှည့်လည်သွားလာသူရဲ့ဘဝကို ရှင်သန်ခဲ့တဲ့အတွက် ငရဲရဲ့ ဆင်းရဲဒုက္ခကို ခံခဲ့ရတယ်ဆိုတာကို သင်ပေးခဲ့ပါတယ်။
ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာ အာဗြဟံနဲ့ မောရှေလိုမျိုး ယုံကြည်ခြင်းဘိုးဘေးတွေအားလုံးက “ငါတို့က ဒီကမ္ဘာပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ခရီးသွားတွေဖြစ်တယ်”လို့ သက်သေခံခဲ့တဲ့ ကျမ်းစာမှတ်တမ်းတွေကတစ်ဆင့် လူသားတွေက ပန်းတိုင်အဖြစ်ထားရမယ့် မွေးရပ်မြေအစစ်က ကောင်းကင်နိုင်ငံ ဖြစ်တယ်ဆိုတာကို သင်ပေးတော်မူခဲ့ပါတယ်။
ယခုဆိုခဲ့ပြီးသော သူအပေါင်းတို့သည်၊ ကတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။
ဟေဗြဲသြဝါဒစာ ၁၁:၁၃
တစ်ဖန်တုံယေရှုက၊ သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။ . . . သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ . . .ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ . . .
ရှင်ယောဟန်ခရစ်ဝင် ၁၄:၁-၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်