အာဒံနဲ့ ဧဝတို့ဟာ “ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့အသီး မစားနဲ့”လို့ မိန့်တော်မူတဲ့ ဘုရားသခင်ရဲ့ပညတ်တော်ကို မေ့လျော့ပြီး အပြစ်လုပ်ခဲ့သလိုမျိုး၊ ဘုရားသခင်ရဲ့ပညတ်ကို မေ့တဲ့အခါတိုင်း အပြစ်ကျူးလွန်မိပြီး အဲဒီအတွက် ဘေးဒဏ်တွေခံရကြပါတယ်။
ဒီခေတ်မှာလည်း လောကဟာ ဘုရားသခင်ရဲ့ပညတ်တွေဖြစ်တဲ့ ပဋိညာဉ်တရားသစ် ဥပုသ်နေ့နဲ့ ပသခါပွဲ စတဲ့ ပွဲတော်တွေကို မေ့လျော့ပြီး မစောင့်တဲ့အတွက် နောက်ဆုံးဘေးဒဏ်က ရောက်လာတယ်လို့ မိန့်တော်မူခဲ့ပါတယ်။
လူသားတွေဟာ ကောင်းကင်မှာ အပြစ်ကျူးလွန်ပြီး ဒီမြေကြီးကိုနှင်ချခြင်းခံခဲ့ရတဲ့ ဝိညာဉ်တွေ(ကောင်းကင်တမန်) အနေနဲ့
ဒီမြေကြီးမှာ ရှင်သန်တဲ့အချိန်အတွင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နာခံမှပဲ ကောင်းကင်နိုင်ငံကို ပြန်သွားနိုင်ကြပါတယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ပညတ် [ပသခါပွဲ] ကို စောင့်ရှောက်ခြင်းအားဖြင့် ကောင်းချီးရရှိခဲ့တဲ့ ဟေဇကိမင်းလိုမျိုး ဘုရားသခင်၏အသင်းတော်ဟာ ဘုရားသခင်ရဲ့ပညတ်ဖြစ်တဲ့ ပဋိညာဉ်တရားသစ်ကို စောင့်ရှောက်ခြင်းအားဖြင့် ဘုရားသခင်ရဲ့အလိုတော်ကို နာခံကြပါတယ်။
ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည်မစောင့်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။
တရားဟောရာကျမ်း ၈:၁၁
သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။
ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် . . .များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ . . .
သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ . . .
ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်