နောဧဟာ အချိန်အကြာကြီး တစ်ယောက်တည်း သင်္ဘောတည်ထောင်ရင်း အထီးကျန်ခြင်းထဲမှာလည်း ဘုရားသခင်ရဲ့ ကောင်းချီးကို ယုံကြည်ခဲ့ပြီး၊ မောရှေဟာ အဲဂုတ္တုပြည် တော်ဝင်မိသားစုအဖြစ် ဘုန်းအသရေထက် ဘုရားသခင်ရဲ့လူတွေနဲ့အတူ ဆင်းရဲဒုက္ခခံစားရဖို့ကို ပိုနှစ်သက်ခဲ့ပြီးတော့၊ တမန်တော်ပေါလုဟာ ဆင်းရဲဒုက္ခများစွာထဲမှာလည်း လူတွေဆီ ကောင်းကင်နိုင်ငံကို သယ်ဆောင်ပေးနိုင်တဲ့အတွက် ဝမ်းမြောက်ခဲ့သလိုမျိုး၊ ဘုရားသခင်၏အသင်းတော် သန့်ရှင်းသူတွေဟာလည်း ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်းရင်း ဝမ်းမြောက်မှုနဲ့ ယုံကြည်ခြင်းလမ်းကို လျှောက်လှမ်းနေပါတယ်။
"ကျွန်မတို့မှာ ကောင်းကင်မျှော်လင့်ခြင်း ရှိတယ်မဟုတ်ပါလား"လို့ ကောင်းကင်အမေက အမြဲတမ်းမိန့်တော်မူခဲ့သလိုမျိုး သန့်ရှင်းသူတွေဖြစ်စေ၊ ရှေ့တန်းကနေ လုပ်ဆောင်နေတဲ့ သင်းအုပ်ဝန်ထမ်းတွေဖြစ်စေ၊ ဘယ်သူမဆို ကိုယ့်လက်ဝါးကပ်တိုင်ကို သည်းခံရင်း မျက်စိရှေ့မှာရှိတဲ့ အတားအဆီးတွေ မဟုတ်ဘဲ အဲ့နောက်ကွယ်မှာ ပြင်ဆင်ထားတဲ့ ကောင်းကင်ကောင်းချီးတွေကို မျှော်လင့်ရပါမယ်။
အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်လည်းကောင်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ . . . အကြောင်းမူကား၊ နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ၏။ ဟေဗြဲသြဝါဒစာ ၁၁:၂၆
သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။ ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသောသူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ . . . ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။ ငါတို့အား ပေါ်ထွန်းလတ္တံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။ ရောမသြဝါဒစာ ၈:၁၃–၁၈
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်