ဘုရားသခင်ဟာ ကောင်းကင်နိုင်ငံသားဖြစ်ခွင့်ကို ပိုင်ဆိုင်ထားသူတွေကို ဥပုသ်နေ့၊ ပသခါပွဲနဲ့ သုံးပိုင်းခွဲထားတဲ့ ပွဲတော်ခုနစ်ခုကို တန်ဖိုးထားတဲ့ စိတ်နှလုံးရှိစေပြီး၊ သူ့ရဲ့ပညတ်တရားကို စောင့်ရှောက်ဖို့ ဖန်ဆင်းတော်မူခဲ့ပါတယ်။ ဒါကြောင့် ဘုရားသခင်ကို နှုတ်ခမ်းနဲ့ ခေါ်ဆိုပေမယ့်လည်း၊ ဘုရားသခင်ရဲ့ပညတ်တရားအစား နေနတ်ဘုရားရဲ့ပညတ်တရားကို လိုက်နာတဲ့သူတိုင်းကို သူဟာ “ငါ သင်တို့ကို မသိဘူး”လို့ ပြောပြီး၊ အဲဒီအပြစ်နဲ့ပတ်သက်ပြီး သတိပေးတော်မူခဲ့ပါတယ်။
တစ်လောကလုံး ပြောင်းလဲသွားရင်တောင်၊ ဘယ်တော့မှ မပြောင်းလဲတဲ့ တစ်ခုတည်းသောအရာဟာ ဘုရားသခင်ရဲ့ပညတ်တရားဖြစ်ပါတယ်။ ယေရှုခရစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂,၀၀၀)က ပသခါပွဲကို စောင့်ရှောက်ခဲ့ပြီး၊ ခရစ်တော် အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ဟာလည်း သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ဒါကို စောင့်ရှောက်ခဲ့ကြပါတယ်။ အဲဒီပုံသက်သေအတိုင်း ပသခါပွဲကို စောင့်ရှောက်ခြင်းဟာ ဘုရားသခင်ကို ဗဟိုပြုတဲ့ မှန်ကန်တဲ့ယုံကြည်ခြင်းဖြစ်ပါတယ်။
သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။ ရှင်မဿဲခရစ်ဝင် ၇:၂၁–၂၃
ညစ်ညူးခြင်းမရှိ၊ အခြားတစ်ပါးသို့ ခရီးမသွားသောသူသည် ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သောအချိန်၌ ထိုသူသည် ထာဝရဘုရားအဖို့ ပူဇော်သကာကိုမဆောင်ခဲ့သောကြောင့် မိမိအပြစ်ကိုခံရမည်။ တောလည်ရာကျမ်း ၉:၁၃
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်