ဧဝံဂေလိရဲ့အောင်မြင်မှုနဲ့ကျရှုံးမှုဟာ ဘုရားသခင်အပေါ်ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအပေါ် မူတည်ပါတယ်။ ဂိဒေါင်နဲ့ ယောရှုခေတ် စစ်ပွဲတွေမှာ ဘုရားသခင်က ပြသခဲ့သလို၊ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေကြောင့် ယုံကြည်ခြင်း ယိမ်းယိုင်တဲ့သူတွေကို ဘုရားသခင်ရဲ့စစ်တပ်ကနေ ဖယ်ထုတ်ပြီး၊ ဘုရားသခင်အပေါ် ခိုင်မာတဲ့ယုံကြည်ခြင်းရှိတဲ့သူတွေပဲ အောင်ပွဲသမိုင်းကို ရေးသားဖို့ အသုံးပြုပါတယ်။
ဘုရားသခင်ဟာ ခေတ်အဆက်ဆက်မှာ ဘယ်သူမှ စိတ်ကူးမယဉ်နိုင်တဲ့ နည်းလမ်းနဲ့ လမ်းညွှန်ပေးတော်မူခဲ့ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာတောင်၊ “လောကကိုကယ်တင်ပါ”ဆိုတဲ့ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အပြည့်အဝယုံကြည်တဲ့အခါ၊ နိုင်ငံတော်ဧဝံဂေလိကို ပြီးမြောက်စေတဲ့ ကောင်းကင်စစ်တပ်ရဲ့တာဝန်ကို ကျွန်ုပ်တို့ ပြီးမြောက်နိုင်ကြမှာဖြစ်ပါတယ်။
ထိုသို့အလိုငှာ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကို သည်းခံလော့၊ စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှာ၊ လောကီမှု ရေးနှင့် ပြွမ်းနှောရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။ တိမောသေသြဝါဒစာဒုတိယစောင် ၂:၃-၄
ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင် ၂၈:၁၈-၂၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်