“ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်”လို့ ကျမ်းစာမှာ ရေးထားပြီး၊ ယေရှုခရစ်က “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ... ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့လိုက်ရမည်”လို့ မိန့်တော်မူခဲ့တဲ့အတိုင်း၊ ကောင်းကင်နိုင်ငံရဲ့ ဘုန်းတော်အတွက် အသက်ရှင်တဲ့သူတိုင်းရဲ့ ဘဝမှာ ခဏတာ ဆင်းရဲဒုက္ခက မလွဲမသွေ လိုက်ပါလာမှာဖြစ်ပါတယ်။
ဧသောနဲ့ ယုဒရှကာရုတ်ဟာ အပြစ်ရဲ့သာယာမှုနောက်ကို လိုက်ပြီး ဇာတိပကတိအတိုင်း နေထိုင်ခဲ့တဲ့အတွက် ကောင်းကင်နိုင်ငံကောင်းချီးတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ မောရှေ၊ ယာကုပ်၊ ဒံယေလနဲ့ သူ့ရဲ့သူငယ်ချင်းသုံးယောက်ကတော့ ကောင်းကင်ရဲ့သာယာမှုကို ပိုတန်ဖိုးထားပြီး အခက်အခဲတွေကို ကျော်လွှားခဲ့ကြပါတယ်။ ဒီလိုပါပဲ၊ ဘုရားသခင်၏အသင်းတော် အဖွဲ့ဝင်တွေဟာလည်း ဘုရားသခင်ကတိပေးထားတဲ့ ကောင်းကင်ရဲ့သာယာမှုကို မျှော်လင့်ပြီး၊ မိန့်မှာတော်မူခဲ့တဲ့အတိုင်း ပဋိညာဉ်တရားသစ် ဥပုသ်နေ့နဲ့ ပသခါပွဲရဲ့ ကောင်းချီးတွေကို ဟောပြောတဲ့အလုပ်မှာ စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားနေကြပါတယ်။
မောရှေသည် အသက်အရွယ်ကြီးသောအခါ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့် အတူညှဉ်းဆဲခံရခြင်းကို သာ၍ အလိုရှိသဖြင့်လည်းကောင်း၊ အဲဂုတ္တုပြည်၏ စည်းစိမ်ထက် ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်လည်းကောင်း၊ ယုံကြည်ခြင်းစိတ်ရှိ၍ ဖာရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကို ပယ်၏။ အကြောင်းမူကား၊ နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ၏။ ဟေဗြဲသြဝါဒစာ ၁၁:၂၄–၂၆
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်