ဣသရေလလူမျိုးတွေ ထွက်မြောက်ရာကာလမှာ၊ အဲဂုတ္တုပြည်တစ်ဝန်းလုံးအပေါ် ဘေးအန္တရာယ်တွေ ကျရောက်ခဲ့ပေမယ့်၊ ဣသရေလလူမျိုးတွေအပေါ်မှာတော့ ဘေးအန္တရာယ်တွေ မကျရောက်ခဲ့ပါဘူး။ ဒါဟာ ဘုရားသခင်ရဲ့ ပဋိညာဉ်ရှိတဲ့နေရာနဲ့ ပဋိညာဉ်မရှိတဲ့နေရာရဲ့ ခြားနားချက်ပဲ ဖြစ်ပါတယ်။ ဘုရားသခင်ကိုယ်တော်တိုင်က ကိုယ်တော်ရဲ့ ပညတ်တော်ဖြစ်တဲ့ ပဋိညာဉ်တရားသစ် ပသခါပွဲကို စောင့်ရှောက်တဲ့နေရာတိုင်းမှာ၊ ကိုယ်တော်ရဲ့လူမျိုးတွေဟာ ဝင်လာတဲ့အခါနဲ့ ထွက်သွားတဲ့အခါ ကောင်းချီးမင်္ဂလာခံစားရမှာဖြစ်ပြီး၊ မြေကြီးပေါ်မှာရှိတဲ့ လူမျိုးတကာတို့ထက် ချီးမြှောက်တော်မူမယ်လို့ ကြီးမားတဲ့ကတိတော်ကို ပေးသနားတော်မူခဲ့ပါတယ်။
ပရောဖက် ဟေရှာယ၊ ဇေဖနိနဲ့ ပေတရုတို့ဟာ လောကက ဘုရားသခင်ရဲ့ ဥပုသ်နေ့နဲ့ ပသခါပွဲအပါအဝင် ပဋိညာဉ်တရားသစ်ကို မစောင့်တဲ့အတွက် ဒီမြေကြီးပေါ်ကို ကြီးမားတဲ့ မီးဘေးအန္တရာယ် ကျရောက်လာလိမ့်မယ်လို့ သက်သေခံခဲ့ကြပါတယ်။ ဘုရားသခင်ရဲ့ပဋိညာဉ်ကို စောင့်ထိန်းခြင်းအားဖြင့်ပဲ လူသားတွေဟာ အဖေအန်ဆန်ဟုန်းနဲ့ အမေဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်လာကြပြီး ဘေးအန္တရာယ်အားလုံးကနေ ဘုရားသခင်ရဲ့ ကာကွယ်မှုကို ရရှိနိုင်တယ်လို့ သမ္မာကျမ်းစာက သက်သေခံပါတယ်။
ယနေ့ ငါဆင့်ဆိုသမျှသော ပညတ်တော်တို့ကို သင်သည်ကျင့်စောင့်ခြင်းငှာ၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင်လျှင်၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် လူမျိုးတကာတို့ထက် သင့်ကို ချီးမြှောက်တော်မူမည်။ သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတ္တံ့သော ကောင်းချီးမင်္ဂလာများ ဟူမူကား။ ... မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။ တရားဟောရာကျမ်း ၂၈:၁–၆
သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအားကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှလောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ်ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား၊ အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသောအပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊ ...သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတစ်ပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြုကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့်သောကြောင့်လည်းကောင်း၊... ယေရမိအနာဂတ္တိကျမ်း ၁၆:၁၀–၁၁
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်