သမ္မာကျမ်းစာ (၆၆)ကျမ်းစလုံးမှာ ကယ်တင်ရှင်ဆီကိုသွားနိုင်တဲ့နည်းလမ်းနဲ့ အစစ်နဲ့ အမှားကို ပိုင်းခြားသိမြင်နိုင်တဲ့ ဉာဏ်ပညာပါရှိတဲ့အတွက်၊ သမ္မာကျမ်းစာထဲမှာ ဘယ်အရာကိုမှ အသစ်သွင်းခြင်း ဒါမှမဟုတ် နုတ်ပယ်ခြင်း မလုပ်ဘဲ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း လိုက်နာဖို့ ဘုရားသခင်က သတိပေးထားပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂,၀၀၀)တုန်းက ယေရှုခရစ်တစ်ပါးတည်းက “ငါ့ဆီ လာ၍ အသက်ရေကို ခံယူပါ”လို့ ကြွေးကြော်ခဲ့ပေမယ့်လည်း၊ အခုခေတ် အသက်ရေကိုလက်ခံပြီး ထာဝရအသက်ရရှိဖို့ ဝိညာဉ်တော်နဲ့ မင်္ဂလာဆောင်သတို့သမီးဆီကို သွားရမယ်ဆိုတာကို သင်ကြားပေးခဲ့ပါတယ်။
ဘုရားသခင်ဟာ သူ့ရဲ့သားသမီးတွေကို အသက်စမ်းရေဆီ ပို့ဆောင်မယ်လို့ ဟေရှာယက ကြိုတင်ဟောကြားခဲ့ပြီး၊ သမ္မာကျမ်းစာရဲ့ ကြိုတင်ဟောစကားအားလုံးကို ပြည့်စုံစေတဲ့ ဝိညာဉ်တော် အန်ဆန်ဟုန်းဘုရားသခင်ဟာ လူသားတွေကို အသက်ရေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဝိညာဉ်တော်ရဲ့ မင်္ဂလာဆောင်သတို့သမီးဖြစ်တဲ့ ကောင်းကင်ယေရုရှလင်ဆီ ခေါ်ဆောင်ခဲ့ပါတယ်။
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။ ဗျာဒိတ်ကျမ်း ၂၂:၁၇
ဝရဘုရားမိန့်တော်မူသည်ကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကိုမစပြီ။ ... သူတို့ကို သနားသောသူသည် သူတို့ကို ပို့ဆောင်၍၊ စမ်းရေတွင်းအနားသို့လမ်းပြလိမ့်မည်။ ဟေရှာယအနာဂတ္တိကျမ်း ၄၉:၈–၁၀
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်