ဘုရားသခင်ရဲ့ သားသမီးတွေဟာ ဘုရားသခင်ရဲ့ သွန်သင်ချက်အတိုင်း လောကမှာ အလင်းနဲ့ဆားဖြစ်လာပြီး၊ ကောင်းတဲ့အကျင့်တွေအားဖြင့် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေပြီး၊ ပဋိညာဉ်တရားသစ် အမှန်တရားနဲ့ လူသားတွေကို ဘုရားသခင်ရဲ့ ရင်ခွင်ထဲ ခေါ်ဆောင်သွားတဲ့အခါ၊ ဘုရားသခင်ရဲ့ ရှေ့တော်မှာ ရပ်ရမယ့်နေ့မှာ ဘုရားသခင်က နှစ်သက်တော်မူပြီး သူတို့ကို ကောင်းချီးပေးမှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ဟာ သန့်ရှင်းသောဝိညာဉ်တော်ခေတ်မှာ ခရစ်တော်အန်ဆန်ဟုန်းနဲ့ အသစ်သောယေရုရှလင် ကောင်းကင်အမေကို ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ကြတယ်ဆိုရင်၊ အခုကစပြီး လောကမှာ သင်ယူခဲ့တဲ့ အကျင့်ဆိုးတွေကို စွန့်လွှတ်ပြီး ခရစ်ယာန်တစ်ဦးအနေနဲ့ လူသစ်ကို ယူတင်ဝတ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလောကဟာ ဘုရားဝတ်၌ မွေ့လျော်ခြင်းတွေ ပိုပြီး ပျောက်ကွယ်လာကာ ဖောက်ပြန်ဆိုးညစ်လာတာနဲ့အမျှ၊ နောဧခေတ်နဲ့ လောတခေတ်တုန်းကလိုပဲ ဘုရားသခင်ရဲ့ တရားစီရင်ရာနေ့က နီးကပ်လာပြီဆိုတာကို နားလည်ပြီး၊ ဘုရားဝတ်၌ ပိုမိုမွေ့လျော်တဲ့ အသက်တာကို ရှင်သန်ကြရမှာ ဖြစ်ပါတယ်။
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။ သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ ရောမသြဝါဒစာ ၁၂:၁-၂
ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆောင်နမ်ဘွန်ဒါန်စာတိုက်ပုံး ၁၁၉
ဖုန်း ၀၃၁-၇၃၈-၅၉၉၉ ဖက်စ်- ၀၃၁-၇၃၈-၅၉၉၈
ရုံးချုပ် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဆူနယ်ရို ၅၀(ဆူနယ်ဒုံ)
ကိုယ်စားပြုအသင်းတော် - ဂယောင်ဂီဒို ဆောင်နမ်ရှိ ဘွန်ဒါန်ဂူ ဖန်ဂယိုယော့ဂ်ရို ၃၅(ဘက်ဟယောင်ဒုံ ၅၂၆)
ဘုရားသခင်၏အသင်းတော် ကမ္ဘာ့ဧဝံဂေလိသာသနာပြုအဖွဲ့အစည်း။ မူပိုင်ခွင့်များအားလုံးကို လက်ဝယ်ထားရှိပါသည်။ လုံခြုံရေးစနစ်